ပန်းတောင်းမြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတရဖွယ်အကြောင်းအရာများ၊ လွတ်လပ်ရေးရရှိအောင်တိုင်းရင်းသားညီကိုမောင်နှမများ စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံများကို လေ့လာမှတ်သားဖွယ်ပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အ.ထ.ကပန်းတောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုလက်ဆောင်များအသီးသီးချီးမြှင့်ခဲ့သည်။

လပြည့်လင်း(ပြန်/ဆက်)