အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jan 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်းရှိ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2025
ကယားပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံး  ပညာဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။  
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.က မင်းလှ (မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။
Jan 03,2025
မြင်းခြံမြို့၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ဧရာဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2025
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရှိ အရှေ့-အနောက်စီးပွားရေး စင်္ကြန်လမ်းဖြစ်သော မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း ကော့နော်ဖိုင်လမ်းဆုံမှ မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း ၃၅ ဒဿမ ၀ ကီလိုမီတာသို့ ပြန်လည်ဆက်စပ်ပေးသော ကော့နော်ဖိုင်-ကတွန်းတာ-နောင်ဒိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)၊ သရဖူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။