အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2024
အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
Oct 02,2024
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းစာရင်း ကောက်ယူနေကြပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာဝင်းအတွင်းရှိ ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်မှစတင်၍ စာရင်းကောက်အဖွဲ့များက သန်းခေါင်စာရင်းကို စတင်ကောက်ယူကြသည်။
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နေ့လယ်ပိုင်းက ဘိုးဘွားများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
Oct 02,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီခွဲအချိန်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 02,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ကွက်များတွင် ကွင်းဆင်းကောက်ယူမှုများကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်းဝန်းနှင့်မြဝတီရပ်ကွက်အတွင်းရှိ ကောက်ကွက်များတွင်ခရိုင်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Oct 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကောက်ယူစာရင်းသွင်းလျက်ရှိသည်။