Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်နယ်သယံဇာတရေးရာဝန်ကြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရော…
Oct 02,2024
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနား မန္တလေးမြို့တော်ခန်းတွင် ကျင်းပ
Oct 02,2024
မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဂုဏ်ပြုခံ အဘိုး၊ အဘွားများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်မှုကြောင့် လူနေအိမ်များ ပျက်စီး
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် ယနေ့မွန်းတည့် (၁၂)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ကျိုက်မရောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး
Oct 02,2024
ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား အောက်တိုဘာ ၂ ရက်နံနက်က မွန်ပြည်နယ်၊ သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော် (၂) ဆောင် ဆောက်လုပ်နေမှု၊ စစ်တွေလေဆိပ် ခ…
Oct 02,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုပြီး စစ်တွေလေဆိပ် ခြံစည်းရိုး များပြုပြင်နေမှုနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုတို့အား လှည့်လည်ကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး
Oct 02,2024
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာသို့ သွားရောက်ကြည့်ရှုအားပေး
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ညသန်းခေါင်ယံမှစတင်၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထိခိုက်ပျက်စီးမိုးစပါးစိုက်ဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု၊ ခရီးစဉ်ဒေသများနှင့် သန်းခေါင်းစာရင်းကောက်ယူနေမှ…
Oct 02,2024
ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ရေကြီးနစ်မြုပ်ခဲ့ပြီး ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မိုးစပါး(၁၃၁၄၆)ဧက ပျက်စီးခဲ့သော်လည်းအချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကာ ဒုတိယအကြိမ် ရေကြီးရေလျှံမှုတွင် မိုးစပါး ၃၁၂၉၆ ဧကထိခိုက်၍ ၁၄၄၆၁ ဧက ထပ်မံပျက်စီးခဲ့ရသည့်အတွက် အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး တွန်းအားပေးစည်းရုံးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထိခိုက်ပျက်စီးမိုးစပါးဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3956
Page
3957
Page
3958
Page
3959
Current page
3960
Page
3961
Page
3962
Page
3963
Page
3964
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department