Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့နယ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် ဆယ်သိန်းခြောက်သောင်းအား တာဝန်ရှိသူများက…
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့သည့် ငွေကျပ် ဆယ်သိန်းခြောက်သောင်းတိတိကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေးကောင်းရရှိ
Oct 02,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ်ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာအဝယ်ဒိုင်များက အချိန်စော၍ ဈေးကောင်းပေး ဝယ်ယူနေပြီး ရာဘာဈေးနှုန်း ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကျောက်တန်းမြို့၌ စတင်ကောက်ယူ
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၇နာရီအချိန်မှစတင်၍ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့
Oct 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးညီညီထွေးက ဝန်ထမ်းအနေဖြင့် စိတ်အားမငယ်စေရန်နှင့် မည်သည့်သဘာဝဘေးမဆို တက်ကြွစွာပါဝင်ကူညီစေရန် ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်း ၁၉ ဦး အတွက် တစ်ဦးလျှင် ၆ ပြည်ဆံ့ ဆန်၊ ဆီတစ်ပိဿာ၊ အစားအစာနှင့် ငွေ (၁) သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်၊ ကျေးရွာများ၌ စတင်ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးအရအဖွဲ့ ထောက်ပံ့ငွေများပေးအပ်
Oct 02,2024
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များက ဘိုးဘွားများနေ့အိမ်များသို့ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 02,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြာင်းအရာ သန်းခေါင်စာရင်းကောင်ယူခြင်းကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ လှည့်လည်ကြည့်ရှုအားပေး
Oct 02,2024
မန္တလေးတိုင်း သန်းခေါင်စာရင်းကြီးကြပ်မှုကာ်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရမှူးချုပ် ဦးဝေဇင်ထွန်းနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြာင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို လာရောက်ကြည့်ရှု အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3962
Page
3963
Page
3964
Page
3965
Current page
3966
Page
3967
Page
3968
Page
3969
Page
3970
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department