Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုခံယူ၊ မကွေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိ…
Oct 02,2024
မကွေးတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူမှုအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ တစ်ပြိုင်တည်းကောက်ခံလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမောင်မောင်ဆန်း ဦးဆောင်သောအဖွဲ့က တိုင်းဒေသကြီးအစိုးရအိမ်ယာဝန်းအတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ နေအိမ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၏ နေအိမ်များတွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) တောင်ကြီးမြို့၌ ကျင်းပ
Oct 02,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) ကို ယမန်နေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်
Oct 02,2024
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ပြည်နယ်ခန်းမ၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
Oct 02,2024
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန် ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့တို့မှ ရဲအရာရှိကြီးများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ
Oct 02,2024
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စုစည်းညီညာစွာဖြင့် ကောက်ယူလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များအထိမ်းအမှတ်နေ့အဖြစ် ဦးတင်ဦးဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါ…
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ၊ ဦးတင်ဦးဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး…
Oct 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက်ပိုင်းမှစ၍ ကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများက…
Oct 02,2024
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ကွက် (၃၄)ကွက်တို့၌ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စာရင်းစစ်၊ စာရင်းကောက်များမှ တစ်အိမ်တက်ဆင်း လူဦးရေဆိုင်ရာ အချက်အလက်နှင့် အိမ်အကြောင်းအရာဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3955
Page
3956
Page
3957
Page
3958
Current page
3959
Page
3960
Page
3961
Page
3962
Page
3963
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department