Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Oct 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များမှ ဒုတိယအက…
Oct 02,2024
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များမှ ဒုတိယအကြိမ် မျိုးစပါးပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းဆောင်ရွ…
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိစေရေး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ယူမည် ဖြစ်ရာ စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၂) နာရီအချိန်တွင် ဧည့်ရိပ်သာ/ တည်းခိုခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံးရှိလူနာများ၊ ရဲစခန်းအချုပ်ထောင်ရှိအချုပ်သားများ၊ ရေယာဥ်ဆိပ်ကမ်းရှိ မော်တော်ယာဥ်များမှ ရေယာဥ်လုပ်သားများ သန်းခေါင်စာရင်း ကြိုတင်ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များအခမဲ့ထောက်ပံ့ပေးအပ်
Oct 02,2024
၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ တောင်သူများအား မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စပါးစိုက်တောင်သူများထံသို့ မျိုးစေ့နှင့်သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ညောင်သုံးပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီကစတင်၍ သက်ဆိုင်ရာ စာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအဆင့်မြင့် အပ်ချုပ်စက် ၂ လသင်တန်းဖွင့်လှစ်
Oct 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ (အမျိုးသမီးအဆင့်မြင့်အပ်ချုပ်စက်) (၂)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာရရှိနိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည်နှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ အိမ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အသေးစား၊အငယ်စား၊အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ခရိုင်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်ဖြစ်သော ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မိမိတို့မြို့နယ်အတွင်းရှိရပ်ကွက်များ၊ ဟိုတယ်များ၊ အလုပ်ရုံများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူမှုများကို ယမန်နေ့နံနက်(၇)နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3958
Page
3959
Page
3960
Page
3961
Current page
3962
Page
3963
Page
3964
Page
3965
Page
3966
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department