Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်နစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကွ…
Oct 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် နစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပ
Oct 07,2024
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်ခရိုင်၊ ပန်းတနော်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက် (၇၉) ကွက် ကောက်ယူပြီးစီး
Oct 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကိုအောက်တိုဘာ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာလ ၆ ရက်နေ့အထိ ကောက်ကွက်ပေါင်း (၇၉) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံနေကြာ ၁၅၀၀ ဧက စိုက်ပျိုးမည်
Oct 07,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ၁၅၀၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ၄၈ ရာခိုင်နှုန်း ပြီးစီး
Oct 07,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များကောက်ယူရာ ၄၈% ကောက်ယူပြီးစီးလျက်ရှိပြီး (၇)ရက်မြောက်နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့၌ ထိုင်းနှံကောက် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
Oct 07,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ တောင်သူ ဦးအောင်ဝင်း၏ ထိုင်းနှံကောက် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 07,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဥယျာဉ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယမန့်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို မြို့နယ်သန်းခေါင် စာရင်းကော်မတီမှ ကြည့်ရှုအားပေး
Oct 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်/စာရင်းကောက်များက ယနေ့ နံနက် ၇ နာရီမှအချိန် သတ္တမနေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3924
Page
3925
Page
3926
Page
3927
Current page
3928
Page
3929
Page
3930
Page
3931
Page
3932
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department