Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တွံတေးမြို့တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ရက) ဖွင့်လှစ်
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ ရက)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တလုတ္ထော်ကျေးရွာရှိ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၇၀၈)ကွက်တွင် (၃၂၂)ကွက် ကောက်ယူပြီး
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ၆ ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီက သက်ဆိုင်ရာစာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့…
Oct 08,2024
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ပုလောမြို့ အမှတ်(၁) စစ်အုပ်ချုပ်ရေး နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 08,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ နောင်ကုလားကျေးရွာ၌ ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်၌ ဒေသစာရီကြွချီပူဇော်ခံဌာနမှဒေသခံများ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ကပ်လှူပူဇော်
Oct 08,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ယခုနှစ်တွင် ညောင်ရွှေမြို့နှင့်အင်းလေးဒေသအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသဖြင့် ဒေသစာရီကြွချီပူဇော်ခံပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 08,2024
မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့မျာသည် ညောင်ရွှေမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင်ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ
Oct 08,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကကြီးမှူး၍ ဗိုလ်တထောင်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီအသင်းအဖွဲ့များပူးပေါင်း၍ ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၇) ရက်နေ့မွန်းလွဲ ၃ နာရီတွင် ခရိုင်မီးသတ်ဦးစီးမှူး ရုံး၌ကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသင်တန်းသားများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3922
Page
3923
Page
3924
Page
3925
Current page
3926
Page
3927
Page
3928
Page
3929
Page
3930
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department