Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျုံပျော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် စုပေါင်းကြဲပက်ခြင်း ပြုလုပ်
Oct 08,2024
လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေများအတွင်း ပိုက်ဆံလျှော်များ ထည့်သွင်းကြဲပက်လျက်ရှိရာ မျိုးစေ့များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျုံပျော်-ရေကြည် ကားလမ်းမဘေးဝဲယာ၌ မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် လမ်း/တံများအား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ပျက်စီးခဲ့သည့် ကျွန်းဦးကျေးရွာအတွင်းရှိ လမ်း/တံတားအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုဆေးဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 08,2024
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ရေဝင်ရောက်လျက်ရှိသည့် ကန္ဒရဝတီတံတား၊ သီရီမင်္ဂလာ(ယာယီ)ဈေး၊ ဒေါနိုးကူးတံတား၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများ၌ ရေများပြန်လည်ကျဆင်းနေမှု အခြေ အနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များလမ်းည…
Oct 08,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး သစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကကမာကဆစ်ရပ်ကွက် အလယ်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၇)ရက်မြောက် ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု
Oct 07,2024
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့(၇)ရက်မြောက်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီး
Oct 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များ ကောက်ယူခြင်းကို အောက်တိုဘာ(၆) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 07,2024
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဦးကျေး)နှင့် ကျွန်းဦးကျေးရွာအတွင်းရှိ ရေဝင်ရောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3923
Page
3924
Page
3925
Page
3926
Current page
3927
Page
3928
Page
3929
Page
3930
Page
3931
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department