Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးမီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသပေး
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 08,2024
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း တိုက်ကြီးမြို့နယ်၌ လက်ထောက်ဦးစီးမှူးမှ ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဒုတိယဦးစီးမှူးများ သင်တန်းအမှတ်စဉ် (၉)၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၇၁/၂၀၂၄) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းခန်းမ၌ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ထင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်များထောက်ပံ့ပေးအပ်
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အုန်းနှဲကျေးရွာနှင့် သက္ကလမြို့များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၈)ရက်မြောက် ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှု
Oct 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ ယနေ့နံနက် ၈ နာရီအချိန်က ဈေးတန်းရပ်ကွက်အတွင်း စာရင်းကောက်ယူနေမှု အခြေအနေများကို တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ရက) ဖွင့်လှစ်
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ ရက)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တလုတ္ထော်ကျေးရွာရှိ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၇၀၈)ကွက်တွင် (၃၂၂)ကွက် ကောက်ယူပြီး
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ၆ ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီက သက်ဆိုင်ရာစာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3921
Page
3922
Page
3923
Page
3924
Current page
3925
Page
3926
Page
3927
Page
3928
Page
3929
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department