Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်
Oct 07,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈) အုပ်စုမှ ရေဘေးသင့်ကျေးရွာပြည်သူများအား ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဆက်လက်ဖြေဆို
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် KG မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးအစည်းအဝေး ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ (၅) ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး
Oct 07,2024
ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုဝန်ထမ်းအိမ်ရာကောက်ကွက်များတွင် စာရင်းများကောက်ယူကြရာ တိုင်း၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူးများနှင့်အဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစာရင်းစစ်၊ စာရင်းကောက်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်
Oct 07,2024
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊ စာရင်းကောက်များအား အောက်တိုဘာ(၆)ရက်နေ့က ကျွန်းသာယာခန်းမ၊ မုဒွန်းကျေးရွာနှင့် မုကွဲကျေးရွာတို့ရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
Oct 07,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်/ကျေးရွာများအတွင်း အောက်တိုဘာ (၁) ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သက်တော်ရှည်ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3928
Page
3929
Page
3930
Page
3931
Current page
3932
Page
3933
Page
3934
Page
3935
Page
3936
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department