Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်း ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုတန်ဖိုးငွေ (၂၀၇၆၆၅၆၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)သ…
Oct 09,2024
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် အခြေခံနှင့် မွမ်းမံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Oct 09,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင်ကျေးရွာ တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံနှင့် မွမ်းမံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွ…
Oct 09,2024
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်၌ ရေများပြန်လည်ကျဆင်းလာ ဒေသခံများလာရောက်၍ဆွမ်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ကပ်လှူပူဇော်…
Oct 09,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသီတင်းသုံးစံပယ်တော်မူသည့် မူလစံကျောင်းတော်၌ ရေများပြန်လည်ကျဆင်းလာ၍ ရင်ပြင်တော်နှင့် စံကျောင်းတော်အဝင် မုခ်ဦးလမ်းများ ပြန်လည်အသုံးပြု၍ရနေပြီဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဲကြော်လုပ်ငန်းအား မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ…
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ (MSMEs) အသေးစားချေးငွေလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ပဲပွကြော်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၃ နာရီက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စ…
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရေပြန်လည်ကျဆင်းသွားသည့် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအတွင်း သန့်ရှင်းရေးဆောင်ရွက်
Oct 09,2024
ရေကြီးနစ်မြှုပ်မှုကြောင့် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအား ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သောကြောင့် ဈေးအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ညောင်ရွှေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်း တင်ကျန်နေသည့် နှုန်းမြေများ၊ ရွှံ့နွံများနှင့် အမှိုက်သရိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3911
Page
3912
Page
3913
Page
3914
Current page
3915
Page
3916
Page
3917
Page
3918
Page
3919
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department