အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပစ္စည်းအခွန်ကောက်ခံခြင်း စနစ်တကျရှိစေရန် ယမန်နေ့နံနက်ပိုင်းက အောင်ဆန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 09,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆီဆုံကုန်းကျေးရွာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇)နာရီအချိန်မှ ညနေ (၆)နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Oct 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော စဉ်ဆက်ပညာရေးလုပ်ငန်းအား အောက်တိုဘာ (၈) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ၎င်းစဉ်ဆက်ပညာရေးလုပ်ငန်းအား (၂၀၂၅) ခုနှစ် ဇွန်လ (၈) ရက်နေ့ အထိ ရက်ပေါင်း (၉၀) ဆောင်ရွက်သွားမည်ဖြစ်သည်။