Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး ပိုးသတ်…
Oct 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး သွင်းအားစုများထည့်သွင်းခြင်းနှင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားနိုင်ရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ ကွင်းအမှတ်(၁၆၂၄) တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး
Oct 09,2024
ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ် (၅) မြို့နယ်တွင် ရပ်ကွက် (၃၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် (၃၁) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စု၌ ကောက်ကွက်ပေါင်း (၂၉၉) ကွက်အား စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက နေ့စဉ်ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၊ ဗေတလရွာဟောင်း၌ မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 09,2024
တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ MSMES အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်နှင့် ကျေးရွာစီးပွားရေးမြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တာလေမြို့၊ ဗေတလရွာဟောင်း၊ ဗိုလ်လုံကျရှော အောက်မေ့ဘွယ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် လ…
Oct 09,2024
ကချင်ပြည်နယ်အတွင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေး၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ SME အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
Oct 08,2024
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတွင် အလျားပေ ၅၀၀၀ ခန့် မြစ်ကမ်းပြိုကျခဲ့ပြီး လူနေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့ရကာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်သာခွက်နှင့် အိမ်သာပိုက်များထောက်ပံ့ပေးအပ်
Oct 08,2024
ကျန်းမာရေးဝန်ကြီးဌာနမှ ပတ်ဝန်ကျင်သန့်ရှင်းရေးအတွက် ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စုများအား အိမ်သာခွက်နှင့် အိမ်သာပိုက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Oct 08,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သော ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင် ဆင် (၁၀) စီး၊ မြို့မဈေးပတ်ဆင် (၅၀) စီးနှင့် စည်းကားသ…
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင်ဆင် (၁၀) စီးနှင့် မြို့မဈေးကြီးအား လှည့်လည်ပတ်၍ ဖျော်ဖြေသောဆင် (၅၀) စီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံက်နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3913
Page
3914
Page
3915
Page
3916
Current page
3917
Page
3918
Page
3919
Page
3920
Page
3921
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department