Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 09,2024
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် (၂၀) ကြာ ကျင်းပသွားမည်ဖြစ်ရာ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၃)ကြိမ်မြ…
Oct 09,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့မှုများပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့…
Oct 09,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ်အတွင်းရှိ အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာသို့ ဆက်သွယ်ထားသည့် လယ်ငယ်ချောင်းကူး တံတားရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေ ၁၂၀ သံဘောင်ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား ညောင်ကိုင်းချောင်း ရေတိုက်စားခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပျက်စီးသွားခဲ့သည့် တံတားနှင့် ကျေးရွာချင်းဆက်လမ်းအား ရေရှည်ခိုင်ခန့်စေရေး တွက်ချက်ပြီး အမြန်ဆောင်ရွက်စေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ လက်ရှိပြည်သူများ သွားလာမှုအဆင်ပြေစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီခွဲက စာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 09,2024
တောင်ငူမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၆) ရပ်ကွက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား တာဝန်ရှိသူများ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3912
Page
3913
Page
3914
Page
3915
Current page
3916
Page
3917
Page
3918
Page
3919
Page
3920
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department