Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း သီးထပ်စွမ်းအား ရိုးပြတ်မကျန်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲက…
Oct 08,2024
ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လက်ရှိရေဝင်ရောက်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆားပစ္စည်းများ သွားရောက်ကူညီလှူဒါန်း
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြစ်သားမြို့နယ်အတွင်း လက်ရှိရေဝင်ရောက်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ပြင်စည်ကျေးရွာအုပ်စု ဖြိုးမောက်ဆီဆိုင်မိသားစုမှ လာရောက်လှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ဆားအစရှိသည့် လှူဒါန်းပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာ၌ ဒေသခံပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌လူငယ်ရေးရာအသိပညာပေးကွင်းဆင်းဆောင်ရွက်
Oct 08,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ် ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု
Oct 08,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်ရပ်ကွက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိနေသည်။ ယနေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရေပြန်လည်ကျဆင်းသွားသည့် မင်းစုရပ်ကွက်၊ မြို့လယ်မီးပွိုင့်နှင့် လမ်းသွယ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများစုပေါင်း၍ လမ်းမကြီးပေါ်ရှိ သဲနှုန်းများကင်းစင်ရေး၊ လမ်းဘေးဝဲယာရှိ ချုံနွယ်နှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ရပ်ကွက်နေပြည်သူများက မိမိတို့နေအိမ်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗလငါးတန်နှင့်ပြည့်စုံသော တိုင်းရင်းသား ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်ရှိ အောင်မြေဇေယျဘုန်းတော်ကြီးကျောင်း၌ အ.လ.က(ခွဲ)မွန်စံပြမှ တိုင်းရင်းသားကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း(မူလွန်)(ဂနက်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3915
Page
3916
Page
3917
Page
3918
Current page
3919
Page
3920
Page
3921
Page
3922
Page
3923
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department