Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်ကုလားရွာကြီး အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 24,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီး အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြင်းထန်၀မ်းပျက်၀မ်းလျှောဂါ တားဆီးကာကွယ်ရေးအဖွဲ့မှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ၀န်ထမ်းအိမ်ရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်…
Oct 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ထိန်းချုပ် ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မူမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄ဒဿမ၅)ပေရေကျော်ကျ
Oct 24,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီတွင် ဆည်ရေတိုင်းထွာချက်အရရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Oct 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုနှင့်အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေးခြင်းများဆောင်ရွက်
Oct 24,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့်အဝတ်အထည်များ ထောက်ပံ့ပေး
Oct 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3846
Page
3847
Page
3848
Page
3849
Current page
3850
Page
3851
Page
3852
Page
3853
Page
3854
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department