အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဇောင်ဂျမ်းကုန်း တောင်ကွင်းတွင် စိုက်ပျိုးထားသော အထွက်တိုးမြေပဲများ ရာသီဥတုကောင်းမွန်ပြီး မိုးရေရရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြေပဲများတူးဖော်ချိန်တွင် ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း  သိရသည်။
Oct 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ နေကြောင်း သိရသည်။
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁၄)နှင့် အ.ထ.က(၂၂) တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ နေပြည်တော်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Oct 23,2024
မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​မန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 23,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (Old Star) ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
Oct 23,2024
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း၏ ပထမအကြိမ် "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးတက္ကသိုလ် ဆင်ဝင်အောက်တွင် ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခဌာနမှုး ဒေါက်တာနွယ်နွယ်သန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စာပေနှင့် အနုပညာအသင်းမှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Oct 23,2024
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။