အမြို့မြို့အနယ်နယ်သတင်းများ

Oct 24,2024
မကွေးမြို့၊ မကွေးတက္ကသိုလ်ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
Oct 24,2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈ လမ်း၊ ၃၄ × ၃၅ ကြား ပညာရေးကောလိပ်​ဈေးဆိုင်တန်းရှိ Sugar Mommy Tea ဆိုင်တွင် ယမန်နေ့နံနက် (၀၇း၂၅)နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်အတွင်းရှိ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နေကြာအထွက်နှုန်းတိုးတက်ရေးအတွက် ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပျားလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။
Oct 24,2024
မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးပြုလုပ်သော အိန္ဒိယနိုင်ငံရှိ Asames ဘာသာ၊ Bengali ဘာသာ၊ Pali ဘာသာ၊ Marathi ဘာသာနှင့် Prakrit ဘာသာတို့အား အိန္ဒိယနိုင်ငံ၏ ဂန္ဓဝင်ဘာသာစကားများ အဖြစ်သတ်မှတ်သည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းက Mandalay Convention Centre တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr. Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရာဂိမုန်တိုင်းကြောင့်ရေကြီးရေလျှံမှုများ​​ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကျေးရွာအချို့မှရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 23,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။