Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေး
Oct 24,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီရေးအသိပညာပေး ဟောပြောပ…
Oct 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါကျောင်း ကျန်စစ်သားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား ရည်ညွှန်းဈေးအတိုင်းရောင်းချပေးခြင်းရှိ/မရှိ တရားမဝင်ပိုးသတ်ဆေး၊ မြေသြဇာများရောင်းချ…
Oct 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ရည်ညွှန်းစျေးအတိုင်းရောင်းချပေးခြင်း ရှိ/မရှိနှင့် တရားမဝင်ပိုးသတ်ဆေး၊ မြေသြဇာများရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှုတ်စွမ်းရည်နှင့် သင်္ချာ(သိမှတ်ဖွယ်ရာ)စွမ်းရည်ရေးဖြေပြိုင်ပွဲ ကျင်း…
Oct 24,2024
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် တွင် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ရေးဖြေပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်(၉)နာရီက ပုလောမြို့ အမှတ်(၁)အခြေခံပည အထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများဆောင်ရွက်…
Oct 24,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ သန်းခေါင်စာရင်းရာနှုန်းပြည့်ကောက်ယူပြီးစီးရန် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းသာလို
Oct 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ စဉ်ဆက်မပြတ်ကောက်ယူလျက်ရှိရာ ရာနှုန်းပြည့်ကောက်ယူပြီးစီးရန် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းသာ လိုအပ်တော့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စကု) မြို့နယ်၌ ပဲတီစိမ်းသီးနှံ ဧက ၁၇၀၀၀ ကျော် စိုက်ပျိုးအောင်မြင်
Oct 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ပဲတီစိမ်းသီးနှံကို ၂၈၁၂၈ ဧက စိုက်ပျိုးရန် လျာထားကာ ၁၇၅၉၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြာင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်တွင် မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Oct 24,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3845
Page
3846
Page
3847
Page
3848
Current page
3849
Page
3850
Page
3851
Page
3852
Page
3853
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department