ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများဆောင်ရွက်

ဒေါပုံ အောက်တိုဘာ ၂၄      

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်() အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် လူငယ်များစာရိတ္တမဏ္ဍိုင် ကောင်းမွန်စေရေးဆိုင်ရာအကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများအား ဒေါပုံမြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ သွေးလွန်တုပ်ကွေးပညာပေးနှင့် မူးယစ်အန္တရာယ်အသိပညာပေးများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား နံရံကပ်စာစောင်များတွင်ပြသဆောင်ရွက်ပေးခဲ့ပြီး လူငယ်များစာအုပ်စာပေနှင့်နီးစပ်မှုရှိစေရေးနှင့် စာပေကိုပိုမိုဖတ်ရှု့လေ့လာစေရန်အတွက် စာအုပ်ပြပွဲကိုလည်း ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)