မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား ရည်ညွှန်းဈေးအတိုင်းရောင်းချပေးခြင်းရှိ/မရှိ တရားမဝင်ပိုးသတ်ဆေး၊ မြေသြဇာများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မြစ်သား အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ရည်ညွှန်းစျေးအတိုင်းရောင်းချပေးခြင်း ရှိ/မရှိနှင့် တရားမဝင်ပိုးသတ်ဆေး၊ မြေသြဇာများရောင်းချခြင်း   ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူးဦးရှိန်းသူ၊ မြစ်သားမြို့မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးဇော်မင်းထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့်ဝန်ထမ်းများသည် မြစ်သားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအားရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချပေးခြင်း ရှိ/မရှိနှင့် တရားမဝင်ပိုးသတ်ဆေး၊ မြေသြဇာများ၊ လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများအား လိုက်လံကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)