Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ် ရင်းရှည်ကျေးရွာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်…
Nov 12,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရင်းရှည်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Nov 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမျိုးသားသင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတို့ဖြင့် သင်ကြားသော ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ (၂) နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၊ အ-ထ-က(ထုံးအိုင်)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Nov 12,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အ-ထ-က(ထုံးအိုင်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းကျည်းကိုင်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်
Nov 12,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ်၊ မန်းကျည်းကိုင်းကျေးရွာအုပ်စု၊ အ.မ.က (မန်းကျည်းကိုင်း)အခြေခံပညာကျောင်းသို့ အမရပူရ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လ.ဝ.ကမှူး ဒေါ်သင်းသင်းကြူ ဦးဆောင်သောအဖွဲ့မှ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက မန်းကျည်းကိုင်းကျေးရွာနှင့် ရွှေပေါက်ပင်ကျေးရွာတို့မှ အသက် (၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ မီးခိုး၊ မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဟင်္သာတခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော မီးခိုး၊မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ "ဟင်္သာ" ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Nov 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲတည်ရှိရာ အမှတ်(၁၀၀၃)၊ ရာဇဓိရာဇ်လမ်း၊ (၃၈) ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးနှောင်းဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးကောင်းသောက် ယာမြေများ အများစုပိုင်ဆိုင်ကြပြီး ပဲအမျိုးမျိုးနှင့် အခြားသီးနှံများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ မိုးနှောင်းကာလတွင် ဝါသီးနှံများ၊ ဝါနှင့် ပဲစင်းငုံ သီးထပ်သီးညှပ်စိုက်ပျိုးခြင်းများ အဓိကထားစိုက်ပျိုးကြရာ ကွင်းအမှတ်(၂၅၄)၊ ဦးပိုင်အမှတ် (၃၉)၊ တောင်သူဦးမြင့်လွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုးဝါစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာတွင် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ စာအုပ်စာပေများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန် စာကြည့်တိုက် အဆော…
Nov 12,2024
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အုံမြှားကြီးကျေးရွာရှိ မင်းရာဇာစာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3763
Page
3764
Page
3765
Page
3766
Current page
3767
Page
3768
Page
3769
Page
3770
Page
3771
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department