ညောင်ဦး မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ သထုံဘုရင် မနူဟာမင်းကြီးနှင့် မိဖုရားနင်္ဂလာဒေဝီတို့တည်ထားကိုးကွယ်တော်မူခဲ့သော မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပွဲအခမ်းအနားကို မေ ၃၀ ရက်၊ နယုန်လပြည့် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာစိန်ဖူးတော်တင်လှူပွဲအခမ်းအနားတွင် ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား မနူဟာဘုရားကြီး လက်ယာ ရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့ပြီးနောက် မင်္ဂလာပန်းရထားဖြင့် ပင့်ဆောင်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့် စာသင်တိုက် ပဓာနနာယကဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ် ဦးဆောင်လျက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များက ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အား တင်လှူပူဇော်ခဲ့ကြပြီး ဆရာတော်ကြီးများကအောင်ဂါထာရွတ်ဖတ်ပူဇော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့်ရတနာစိန်ဖူးတော်တင်လှူပူ ဇော်ခြင်းနှင့် အလယ်ထိုင်တော်မူဆင်းတု တော်မြတ်ကြီးအား ပင့်သံဃာ(၁၀၈)ပါးဖြင့ဗု ဒ္ဓါဘိသေကအနာက ဇာတင်လှူခြင်းမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ စောင်းပညာရှင် ဒေါ်ခင်မာသီနှင့်တွဲဖက်၍ တေးသံရှင်သက်မှူးဟေသာက မနူဟာဘုရားကြီးအား ထူးမခြားနားသီချင်းဖြင့်သီကျူးပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် အဓိပတိ မဟာနာယက သာယာဝင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာဂရဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော်အရှင်သူမြတ်များထံက မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချအမျှ အတန်းပေးဝေကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မနူဟာဘုရား ဂေါပကအဖွဲ့ဝင်များ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက ဆရာတော်၊ သံဃာတော်(၁၀၈)ပါးထံ လှူဖွယ်ပစ္စည်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဒီပါလင်း