သနပ်ပင် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဖရဲကျေးရွာနှင့် ကမာဖရန်ကျေးရွာ လမ်းဘေး ဝဲ/ယာ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၃၅ ဦးတို့မှ ကုက္ကိုလ်၊ ပန်းပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်နှင့် ခရေ ပျိုးပင်ပေါင်း ၅၀၆ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)