အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊သီးကုန်းကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် မကျန်ရှိ စေရေး၊ မဲစာရင်း မှန်ကန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်း စစ်ဆေး ဖြည့်ဆည်း ကောက်ယူလျက်ရှိရာ သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင် စိုးလင်းနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယမန်နေ့ က ယင်းကျေးရွာ၌ တစ်အိမ် ဝင်တစ် အိမ်ထွက် လိုက်လံစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Aug 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက်က တောင်သူ ဦးစိုင်းရွှေ၊ ကွင်းအမှတ် (၁)၊ ဦးပိုင် (၂၁) ၊ စိုက်ဧက (၃)ဧက လယ်မြေတွင် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ထွက်ရှိလာသော သီးနှံများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများအတွက် အထွက်နှုန်း တိုးတက်စေရေးနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်ဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံးခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ သိရသည်။
Aug 21,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ကလေးသူငယ်များကို သြဂုတ်၁ရက်နေ့မှ (၂၆)ရက်နေ့အထိ ကြက်မျက်သင့်ရောဂါ ကာကွယ်ဆေးနှင့် ဗီတာမင် A ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 21,2020
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Aug 21,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမေ့အိမ် အသက်မွေးမှု ပညာ(အခမဲ့)သင်တန်း ကျောင်းမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်း(4 Skills)နှင့် အခြေခံစက်ချုပ်မှုပညာ သင်တန်းတို့ကို စက်တင်ဘာ(၁)ရက်နေ့တွင် အင်းစိန်မြို့နယ် ၊ ဖော့ကန်ရပ်ကွက်၊ သာသနာ့ဗိမာန် ဇောတိကာရုံ ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်တင်ရောင်းချခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ ထုတ်ကွက်များ စိုက်ပျိုးထားရှိမှုအခြေအနေကို ယမန်နေ့ညနေပိုင်းက ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက မြို့နယ်မှ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။