ဆော သြဂုတ် ၂၁
ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊သီးကုန်းကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် မကျန်ရှိ စေရေး၊ မဲစာရင်း မှန်ကန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်း စစ်ဆေး ဖြည့်ဆည်း ကောက်ယူ လျက်ရှိရာ သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးလင်းနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယမန်နေ့က ယင်းကျေးရွာ၌ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် မှတ်ပုံတင်ကတ်ပြား မရှိသူများ၊ အဘ အမည် မှားယွင်းနေသူများ စသည်တို့အတွက် ပြင်ဆင်ရန် ပုံစံ(၃)၊ပုံစံ(၃-က)၊ ပုံစံ(၃-ခ)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)တို့ကို တပါတည်းယူဆောင်သွားပြီး အမည်စာရင်းမပါရှိသူများ၊ အမည်စာရင်း လွဲမှားနေသူများ၊ မှတ်ပုံတင် လွဲမှားနေသူ များကို ပြင်ဆင်ပေးခဲ့ကြကြောင်း သိရ သည်။
ဇော်မျိုးသန့်(ဆော)