ရွှေတောင် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ကလေးသူငယ် များကို သြဂုတ်၁ရက်နေ့မှ (၂၆)ရက်နေ့အထိ ကြက်မျက်သင့်ရောဂါ ကာကွယ်ဆေးနှင့် ဗီတာမင် A ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြက်မျက်သင့်ရောဂါ ကာကွယ်ဆေးနှင့် အာဟာရရက်သတ္တပတ် ဗီတာမင်A ဆေးတိုက်ကျွေးရာတွင် (၆)လသားအရွယ်မှ (၅)နှစ်သားအရွယ် ကလေးငယ်စုစုပေါင်း (၁၀၈၀)ဦး တိုက်ကျွေးပြီးကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)