ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

ပန်းဘဲတန်း ဩဂုတ်၂၁

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘုန်းကြီးကျောင်း၊ Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် လိုက်နာ ဆောင်ရွက် ရမည့် သတ်မှတ်ချက်များမှ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ တာဝန်ရှိသူများ လိုက်နာဆောင်ရွက်ရမည့် အချက် များ၊ ဝတ်ပြုဆုတောင်းသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား သိရှိနားလည်ခြင်းရှိ၊ မရှိ၊ လိုက်နာဆောင်ရွက် ထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော သတ်မှတ်ညွှန်ကြားချက်များအား လိုက်နာ ရန် ပျက်ကွက်ပါက ဥပုသ်သီလဆောက်တည်ခွင့်၊ ဝတ်ပြုခွင့် များအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေခြည်(ပြန်/ဆက်)