မိုင်းခုတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာနှင့် ပိုးတွေ့လူနာများထားရှိရန် Quarantine Centre များကြိုတင်ပြင်ဆင်ခြင်းကို ယနေ့နံနက်(၈)နာရီက တာဝန်ရှိသူများစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်(၂)၊ ဝမ်ဝိန်းရပ်ရှိ Quarantine Centre အား မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ စုပေါင်း၍ အဆောက်အဦ အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်သရိုက်များလှည်းကျင်းခြင်း၊ Quarantine ဝင်ရောက်သူများ ရေ၊ မိလ္လာ အဆင်ပြေစွာ အသုံးပြုနိုင်ရန်နှင့် နေထိုင်၊ စားသောက်မှု အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအေး