မိုင်းဖြတ်၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ်အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးက တန်ပြန်မြို့ပြပြောက်ကျား စစ်ဆင်ရေးစီမံချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အထွေထွေဆွေးနွေးချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။

သန်းထွန်းအေး