အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝ လိုဏ်ဂူ တော်ဘုရားနှင့် ကုံလုံစဉ့်စံကျောင်းအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ၂၀ ရက်နေ့အထိ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ် ဆိုင်းထားကြောင်းသိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်စုံဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်စျေးဆိုင်များကို ယနေ့ နံနက်ပိုင်းမှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။
Jul 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်းရေးအတွက် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်များသို့ နေ့စဉ် နံနက်ပိုင်းမှ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များအတိုင်း လှည့်လည် အသိပညာပေး လျက်ရှိသည်။
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ နံနက်၁၀နာရီ ခန့်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်/ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာကြသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခရီးသွားမှတ်တမ်းများကောက်ယူခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၌ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၇ နာရီအချိန်ထိ နေ့စဉ်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 08,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှူဖြင့် မန္တလေး မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင် ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ် လှူဒါန်းလျက်ရှိရာ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၃၈လမ်း ၆၂လမ်း×၆၃လမ်းကြားရှိ ရန်အောင်မြင်ကံလှတိုက်သစ်ရှိ ဆရာတော် သံဃာတော် များအား မဟာအောင်မြေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆပ်ကပ် ခဲ့ကြောင်း သိရသည်။
Jul 08,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ အ‌ရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၃၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၄)ဦးထံမှ ရောဂါပိုး တွေ့ရှိရေကြာင်း ‌ သိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် Quarantine Center (၄)နေရာ ၌ Facility Quarantine ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။