မိုင်းငေါ့မြို့၌ကိုဗစ်-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းငေါ့ ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ နံနက်၁၀နာရီ ခန့်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အစည်းအဝေးတွင် မိုင်းငေါ့မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ် ရေးမှူး ဦးကြည်စိုးအောင်က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနလုပ််ငန်းများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်ကို ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ ကျောက်မဲမြို့မှ လာရောက်ကြသောဈေးသည်များအား Mask နှာခေါင်း စည်းများ၊ လက်အိတ်များ စနစ်တကျတပ်ဆင်ပြီးမှ မြို့တွင်းသို့ဝင်ရောက်ကြရန်၊ နေအိမ်ပြင်ပမှ ထွက်ခွာ တိုင်း၊ mask နှာခေါင်းစည်းများစနစ်တ ကျတပ်ဆင်ပြီးမှ သွားလာ ကြရန်နှင့် ကိုဗစ် ၁၉- ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးနိုး‌ဆော်ခြင်း လုပ်ငန်းများကို ‌ဝိုင်းဝန်း‌ဆောင်ရွက်ရန် စသည့် တို့ကို‌ ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ လူငယ် အသင်းများတက်ရောက် ခဲ့ကြကြောင်းသိရသည်။

မြင့်သွယ်