ပင်းတယမြို့ရှိရှေးဟောင်းသမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ကုံလုံစဉ့်စံကျောင်းအား ဖူးမြော်ခွင့်ယာယီရပ်ဆိုင်း

ပင်းတယ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝ လိုဏ်ဂူ တော်ဘုရားနှင့် ကုံလုံစဉ့်စံကျောင်းအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ၂၀ ရက်နေ့အထိ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ် ဆိုင်းထားကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် ဖူးမြော်လျက်ရှိသည့် ဘုရားများဖြစ်ခြင်းကြောင့် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားကြီး၏ဩဝါဒဇရိယ ဖြစ်တော်မူသည့် ပင်းတယမြို့သံဃာ့နာယကဥက္ကဋ္ဌ ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် ဦးစန္ဒောဘာသ၏ဩဝါဒအရ နှစ်ပတ်ယာယီပိတ်ထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)