ကွတ်ခိုင် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံး၌ ယနေ့နံနက်(၁၁)နာရီအချိန် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် တာမိုးညဲမုန်းဝန်း ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လွင်၊ ဦးစိုင်းခမ်းလူ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က Test Kit (၁၀၀)ခု တန်ဖိုးငွေကျပ်(၁၅)သိန်း၊ ကုတင်အလုံး(၃၀)လုံး တန်ဖိုးငွေကျပ်(၁၂)သိန်း စုစုပေါင်း တန်ဖိုးငွေကျပ်(၂၇)သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင့်ဝင့်မြိုင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွှန့်က ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဌေးဌေး