မဘိမ်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ လေးဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက်နေ အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့နံနက် ပိုင်းက အနံ့ပျောက်သဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး(Positive)တွေ့ရှိခဲ့ပြီး ၄င်းပိုးတွေ့လူနာ နှင့်ဆက်စပ်လျက်ရှိသည့် အတူနေမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ အသက်(၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၅)နှစ်အရွယ် အမျိုးသားကလေးငယ်တစ်ဦး၊ စုစုပေါင်းမိသားစုဝင် လေးဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(Positive)တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပိုးတွေ့သူနှင့်ဆက်စပ်ထိတွေ့ခဲ့သည့် Contact person များအား နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိပြီးဖြစ်ပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မျိုးမင်း