Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူများစာရင်း ကောက်ယူ
Jul 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်သူများကို ယမန်နေ့မှ စတင်၍ သုံးရက်အတွင်း စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း
Jul 29,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက အောက်ဆီဂျင်အိုး များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ် (တံတားကျိုးလမ်း) များ၌ လမ်းတံတားများ ရေကျော်ပြီး ပျက်စီးခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသ…
Jul 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ် (တံတားကျိုးလမ်း) များ၌ လမ်းတံတားများ ရေကျော်ပြီး ပျက်စီးခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်အိတ်နှင့် ထမင်းဘူးများ လှူဒါန်း
Jul 29,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ အဆိုပါ သောင်ရင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများအား ဆန်အိတ်နှင့် ထမင်းဘူးများ ယနေ့ နံနက် ၁၀ နာရီက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အောက်စီဂျင်အိုးများ ဖြန့်ဝေခြင်းဆောင်ရွက်
Jul 29,2021
ဒဂုံမြို့နယ် ၊ရွှေတိဂုံဘုရားလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့ နေ့လယ် (၁) နာရီ ခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းသူကျော်မှ ဦးဆောင်၍၊
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေး
Jul 29,2021
နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကြီးကြပ်မှူဖြင့် ပျဉ်းမနားမြို့နယ် တောင်သာကျေးရွာအတွင်းရှိ ပျဉ်းမနားဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ယနေ့ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကိုထိုးနှံပေး သည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဒုတိယ အသုတ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ငွေသာခမ်းမတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများအား ဖြူးမြို့နယ် ဆ…
Jul 29,2021
မေး ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေမှာဖြူးပြည်သူ့ဆေးရုံအနေနဲ့ ပိုးတွေ့လူနာ တွေကို ကုသဆောင်ရွက်ပေးထားမှုနဲ့ ၎င်းတို့နဲ့ထိတွေ့သူတွေကို ကိုဗစ်စင်တာတွေဆောင်ရွက် ပေးထားမှုအခြေ အနေ တွေကိုသိပါရစေခင်ဗျ။ ဖြေ ။ ဟုတ်ကဲ့ရှင့် ဖြူးမြို့နယ်အတွင်းမှာဆိုရင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုး နေလျက် ရှိပြီးယနေ့ထိ(၉၇၈)ဦး၊ သေဆုံးသူမှာ(၄၄)ဦးအထိရှိနေပါတယ်။ဒါဟာဆိုရင် ဇူလိုင်လ (၂၇)ရက်နေ့ ညနေပိုင်းထိပါ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူတွေကို ဖြူးဆေးရုံ အထူးကြပ်မတ် ကုသဆောင်၊ အထက (ညောင်ပင်သာ)၊ တိုက်နယ်ဆေးရုံ(ညောင်ပင်သာ) တိုက်နယ်ဆေးရုံ(ဇေယျ၀တီ)၊ အထက(၁)ဖြူး စတဲ့ ဆေးကုသရေးCenterတွေအထူးကြပ်မတ် ကုသပေးနေလျက် ရှိပါတယ်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် ဆက်စပ်သူများအားဖြူးမြို့နယ်အထက(၃)၊ အထက-၁(ဇေယျ၀တီမြို့)၊ အထက-၁(ကညွတ်ကွင်းမြို့)၊ အောင်တော်မူခန်းမ(ကညွတ်ကွင်းမြို့) Quarantine Centerတွေမှာ ကန့်သတ် စောင့်ကြည့် မှုတွေဆောင်ရွက်ထားပြီး ကြိုတင်ပြင်ဆင်ထားမှုအနေနဲ့ သာသနာ့ဗိမ္မာန်(ဖြူး)၊ မိုးကုတ်ရိပ်သာ(ဖြူး)၊ ရွှေစေတီဘုန်းကြီးကျောင်း (ဇေယျဝတီမြို့)Quarantine Centerတွေ ပြင်ဆင်ထားတာရှိပါတယ်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25918
Page
25919
Page
25920
Page
25921
Current page
25922
Page
25923
Page
25924
Page
25925
Page
25926
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department