Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံတွင် မြေပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်
Jul 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်ရိုက်ကျေးရွာ၊ ကဒါကျေးရွာ၊ ဖံဖကျေးရွာနှင့် အဘစ်ကျေးရွာတို့တွင် ဇူလိုင်(၂၆၊၂၇)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် လေ ပြင်းတိုက် ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီက ကွမ်ရိုက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်ကြီးအုံကြီးတမံ ကန်ရေပြည့်အမှတ်ရောက်ရှိရန် ၁၇ ပေ လိုသေး၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသေး
Jul 29,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြီးအုံကြီးဝတမံတွင် ကန်ရေပြည့်အမှတ်ရောက်ရှိရန် ၁၇ ပေ ခန့် လိုအပ် နေသေးသဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသေးကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေ…
Jul 29,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မြို့အဝင်၊အထွက်ဂိတ်ကို ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထား
Jul 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ခြားမှ ဝင်ရောက်မည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် ခရီးသွားများအား ယခင်က (၁၂. ၇. ၂၀၂၁)ရက်မှ (၂၂. ၇. ၂၀၂၁)ရက်နေ့အထိ မြို့အဝင်၊ အထွက် ယာယီပိတ်ထားရာမှ ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Jul 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးနစ်မြုပ်နေသော်လည်း ပြောင်းရွှေ့နေထိုင်ခြင်းမရှိသော အိမ်ထောင်စုများအတွက် စားသောက်ကုန်များကို အလှူရှင်များက ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်တွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်အတွင်း ပရဟိတအဖွဲများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပရဟိတအဖွဲများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ Stay At Home မြို့နယ်ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောင်တောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေးအပ်
Jul 29,2021
ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်၌ ဇူလိုင်(၂၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25915
Page
25916
Page
25917
Page
25918
Current page
25919
Page
25920
Page
25921
Page
25922
Page
25923
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department