Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင် ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ငွေကျပ်သိန်း (၁၀၀)လှူဒါန်းပေးအပ်
Jul 28,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်/ အလှူရှင်များ ပူးပေါင်း၍ အောက်စီဂျင်လုံလောက်စွာရရှိရေး၊ Stay at Home စည်းကမ်းချက် များအတိုင်း နေထိုင်ရေး၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စောင့်ကြည့်ကုသရေး၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးရေး၊ လိုအပ်သည်များကိုထောက်ပံ့ပေးရေးတို့ကို နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် နန်ကသူချောင်းရေလျှံမှုကြောင့် ကွင်းကောက်(တောင်)ကျေးရွာအုပ်စုနှင့် ကျွဲသောင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ဖောက်လုပ်ထားသော တာတမံကျို…
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နန်ကသူချောင်းရေလျှံမှုကြောင့် ယနေ့နံနက်ပိုင်းကကျီကြီးကျေးရွာအုပ်စု၊ တဲကြီးစုကျေးရွာရှိကွင်းကောက် (တောင်)ကျေးရွာ အုပ်စုနှင့်ကျွဲသောင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ဖောက်လုပ်ထားသော တာတမံအပေါ် တွင် ရေ၁ပေခန့်ကျော်ပြီး အရှည် (၁၂)ပေခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း
Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေးအတွက် အလှူငွေ များ နေ့စဉ်ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့အထိ လှူဒါန်းရရှိငွေကျပ် (၄၆၃)သိန်းကျော် ရရှိပြီဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 28,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကိုဗစ်-၁၉ ရောဂါ သံဃာတော်များအတွက် ဖွင့်လှစ်မည့် မင်းဓမ္မစင်တာနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်…
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်သို့ သွားရောက်ကာ သံဃာတော်များသီးသန့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ဆေးပြီး အောက်ဆီဂျင်ပိုက်လိုင်း ထုတ်လုပ်သည့် စက်ပေးပို့ခြင်းနှင့် ပိုက်လိုင်းများသွယ်တန်းရေး၊ အောက်ဆီဂျင်ဆလင်ဒါအိုးများ ဖြည့်သွင်းပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေပေးအပ်လှူဒါန်း
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေအတွက် မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၊ မြို့ခံလုပ်ငန်းရှင်များ၊ဌာနဆိုင်ရာများက အလှူငွေပေးအပ်လှူဒါန်းပွဲ တစ်ရပ်ကို ယနေ့နံနက်(၁၀)နာရီက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင်ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်း
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ယနေ့ နံနက် ၉နာရီအချိန်က ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်းက မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် သဘာဝဘိုးဘွားရိပ်သာယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေကြသော ရေဘေးသင့်အိမ်ထောင်စု(၁၂)စုအတွက် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီကျင်းပပြုလုပ်ရာ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လှဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကို၊ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25922
Page
25923
Page
25924
Page
25925
Current page
25926
Page
25927
Page
25928
Page
25929
Page
25930
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department