Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယောင်းမြို့တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပင်စင်လစာငွေများ ကို ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မော်လမြိုင်မြို့၊ မြဆည်းဆာ နှင့်တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွား (၁၀၀) ဦးအား ပထမအကြိမ် …
Jul 29,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၃နာရီက မော်လမြိုင်မြို့မြဆည်းဆာဘိုးဘွားရိပ်သာနှင့် တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့တွင် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ပရဟိတ စေတနာ့ဝန်ထမ်းများက သက်ကြီးဘိုးဘွား(၁၀၀) ဦးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမှု အ ခြေအနေအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီးအဟာရဖြည့်အစားစာများလှူဒါန်းပေးသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်လူအင်အားစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး (မြို့နယ် အုပ်ချုပ် ရေးမှူး)နှင့်အဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် လောက်ကိုင်မြို့ အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်လူအင်အား စာရင်း ကောက်ယူရေး လုပ်ငန်းညိှနှိုင်းအစည်း အဝေးကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့ Quarantine Center တွင်အသုံးပြုရန် ပစ္စည်းများလှူဒါန်း
Jul 29,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အသုံးပြုရန်အတွက် ဟိုပန်မြို့၊ဈေးရပ်ကွက်နေ မရန်မင်ကျူးနှင့်် သူငယ်ချင်းများက Covid-19 Test Kit (၁၀၀)ခု၊သောက်ရေန့်(၃၀)ကဒ်၊ သီးစုံဓာတ်ဆား(၁၈)ဘူးတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းထိုက်နှင့်အတွင်းရေးမှူး ရဲမှူးတင်နိုင်မိုးတို့က လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ အိမ်တိုင်ရာရောက် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အိမ်တိုင်ရာရောက် အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာနှင့် ဖာလိုင်ကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင်အတွင်းရှိ ရေကြီးနစ်မြုပ်သည့်နေရာများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူမျ…
Jul 29,2021
မွန်ပြည်နယ်၊ သထုံခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်က သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့ နယ်အတွင်း ရေကြီးနစ်မြုပ်သည့် နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ကြည့်ရှုအားပေးကာ ရေဘေးဒဏ်ခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ မြန်မာအလုပ်သမားများဝင်ရောက်လျက်ရှိ
Jul 29,2021
ရှမ်းပြည်နယ်၊မူဆယ်နယ်စပ်ဝင်/ထွက်ဂိတ်ဖြစ်သော နန်းတော်ဂိတ်မှ တစ်ဖက်နိုင်ငံ ရွှေလီမြို့ ဂျယ်ဂေါင်အရပ်ဒေသများရှိစက်ရုံအလုပ်ရုံများတွင်း အလုပ်လုပ်လျက်ရှိသော မြန်မာအလုပ် သမားများသည် ဧပြီလမှစ၍ဒေသတွင်းလောခ်ဒေါင်းကြောင့် ပိတ်မိနေကြပြီ အလုပ်လက်မဲ့ မြန်မာနိုင်ငံသားများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားများ လွှဲပြောင်းပေးအပ်
Jul 29,2021
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဒေသနွားမလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု မဇ္ဈိမလွယ်ခေါ်ကျေးရွာ၌ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံ တောင်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25917
Page
25918
Page
25919
Page
25920
Current page
25921
Page
25922
Page
25923
Page
25924
Page
25925
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department