အမြို့မြို့အနယ်နယ်သတင်းများ

Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွ အုပ်စု၊ ကျွန်းကုန်းကျေးရွာ အနီးရှိ တောင်သူဦးစံအေး၏ ကွင်းအမှတ်(၇၀)တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
Jul 29,2021
ကိုဗစ်-၁၉ ရောဂါကျရောက်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး အတွက် ဂန့်ဂေါမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဇဋိလ၏ သြဝါဒနှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဂန့်ဂေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး လုပ်ငန်းများကို ဇူလိုင် ၁၅ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်း တိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိ ကြောင်း သိရသည်။ 
Jul 29,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပြန့်ပွားမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်နှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 29,2021
မိတ္ထီလာမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်ကို မကြာမီဆောင်ရွက် သွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံက သိရသည်။