Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 14,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့တွင် ချောင်းရေတိုက်စား၍ ပြိုကျသွားသော သစ်သားတံတားအား ယာယီသွားလာနိုင်ရေး ကိုယ်ထူ ကိုယ်ထဆောင်ရွက်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် လွန်ခဲ့သောလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းသလားချောင်းရေတိုက်စားပြီး သစ်သားတံတား ပြိုကျသွားခဲ့ရာ ယာယီ သွားလာနိုင်ရေးအတွက် ရွာသာကျေးရွာနှင့်မွေလင်းကျေးရွာမှ ဒေသခံများမှ ယနေ့နံနက်က ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ စျေးများနှင့် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်မျာ…
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ သြဂုတ်လ ၁၃ ရက် ကြေညာချက်အမှတ် ၂၃/၂၀၂၀အရ အများပြည်သူသိရှိရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိစျေးများ လိုင်စင်ထုတ်ပေးထားသည့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပင်မွန်းကျေးရွာအုပ်စုနှင့် စင်းတောင်းကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူ များအား သစ္စာ စီမံချက်ဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့် (၃) တည်ဆောက်နေမှုပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင် ပြေချောမွေ့စေရန် ရည်ရွယ်၍ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့်(၃)တည်ဆောက်နေမှု ပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးစီမံဆောင်ရွက်ထားမှုများ ကွင်းဆင်းစစ်ဆေး…
Aug 14,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာ အထက်အဆင့်ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ် သင်ကြားပေး လျှက်ရှိသည့် ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စီမံဆောင်ရွက် ထားရှိသောလုပ်ငန်း ရပ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့က ပူးပေါင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်း (ECBT)စခန်းများအတွက် The Nature Conservancy Myanmar က ဆင်ထိန်းသိမ်းရေးဝန်ထမ်းမ…
Aug 14,2020
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း (၂၁) ခုရှိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း (၄၈၄) ဦးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အထောက်အကူဖြစ်စေရေးအတွက် ဆင်ထိန်းသိမ်းရေးစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ ထောက်ပံ့ပေးခြင်းအား သက်ဆိုင်ရာဆင်စခန်းအသီးသီးတွင် ယနေ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းညှိနှိုင်း
Aug 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဦးရေစာရင်းနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးတို့အတွက် စမ်းချောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်သည် ယနေ့၊ မွန်းလွဲ(၁)နာရီ အချိန်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25913
Page
25914
Page
25915
Page
25916
Current page
25917
Page
25918
Page
25919
Page
25920
Page
25921
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department