အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။
Jul 30,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင်(၅၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၃၅၀)လုံးနှင့်တစ်လုံးလျှင်အောက်ဆီဂျင်(၄၀) လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၇၅၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၀၃၉၂)ဖာ၊ (Oxygen Plant) စက်ကြီး(၂)လုံး၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၀၀လုံး)၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါရှာဖွေရေးကိရိယာ(၁၀)ဖာ၊ အောက်ဆီဂျင်အိုး နပ်(စ်)(၁)အိတ်၊ ဖိနပ်အစွပ်(၆၈)ဖာတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Jul 30,2021
သံတွဲမြို့နယ်၌ ဇူလိုင်လ (၂၆) ရက်နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဇူလိုင်လ(၂၉) ရက်နေ့နံနက်(၁၁)နာရီအချိန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လားရှိုးမြို့သို့ရောက်ရှိလာရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများကလက်ခံရယူခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ သို့ပို့ဆောင်ပေးခဲ့သည်။
Jul 30,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 30,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့်တာဝန်ရှိသူများသည်လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူလူထု အခြေပြု လှိုင် ကိုဗစ် - ၁၉ ရောဂါရှာဖွေရေးဌာန (Test Center)အသစ်ထပ်မံဖွင့်လှစ်မည့်နေရာနှင့်ကုသရေးစင်တာသို့ယနေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Jul 30,2021
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ဘားအံ - ကော့ကရိတ် - မြဝတီ ကားလမ်းပေါ်ရှိ ဂျိုင်း (ကျုံဒိုး) ton (60) Pontoon ဗောတံတားမှာ ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဥ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ကုန်သွယ်ရေးကားများ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အထူးမြှင့်တင် တည်ဆောက်ထားပြီဖြစ်ကြောင်း Kayin State Transportation & Services Entrepreneurs co. ltd လူမှုကွန်ယက်စာမျက်နှာမှ သိရသည်။
Jul 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မိဘ ပြည်သူများ အနေဖြင့် လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်များ အခက်အခဲမရှိ ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်များကို ယမန်နေ့နံနက် ( ၁၁ ) နာရီအချိန်က စတင်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။