ကျောက်တံခါး သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူလျက် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယမန်နေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီးယနေ့တွင်စတင် လည်ပတ်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါအ အောက်ဆီဂျင်စက်သည် ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ ဦးစံကျော်လမ်း၊ မြို့နယ်ပြည်သူ့ ဆေးရုံ နောက်ကျောတွင်ထားရှိသည်။ အောက်ဆီဂျင်စက်အမျိုးအစားမှာ (QTO 93 N-20) အမျိုးအစား ဖြစ်၍ အောက်ဆီဂျင် ထွက်ရှိမှုမှာတစ်နာရီလျှင် (40 L)အိုး (၃)အိုးခန့်ထွက်ရှိ မည်ဖြစ်ပြီး ထွက်ရှိလာသော အောက်ဆီဂျင်ကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စန်းစန်း