သဲကုန်း သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့် ၄င်းတို့၏မိသားစုဝင်များအား ဂျပန်နိုင်ငံ ပြည်သူများမှ ဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲအခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆန်များလှူဒါန်းထောက်ပံ့ပေးရသည့်ရည်ရွယ်ချက် အားရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက်ရရှိသော ဆန်ခွဲတမ်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။
အဆိုပါ ဆန်များမှာ ဂျန်နိုင်ငံမှပြည်သူများက ပေးပို့ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သဲကုန်းမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ(၉၄)ဦးရှိ၍ မိသားစုဝင်တစ်ဦးထပ်ပေါင်းပေးအပ်ခဲ့ရာ စုစုပေါင်(၁၈၈)ဦးအတွက် တစ်ဦးလျှင် ၁၄ ပြည်နှုန်းဖြင့် စုစုပေါင်းဆန်(၅၄)အိတ်၊ ဆီ(၁၆)ပိဿာထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း