ပေါက်ခေါင်း သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၄၅)ဦးနှင့် ၄င်း၏ မိသားစုဝင် (၄၅)ဦးတို့အား တစ်အိမ်ထောင်လျှင်ဆန်(၁၃.၉၂)ပြည်နှုန်းထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊မြို့မရှေ့တန်းစခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပေးအပ်သည့် ဆန်များကို အာဆီယံ+၃ နိုင်ငံများ၏ အရေးပေါ်ဆန်ရိက္ခာအဖွဲ့ အစီအစဉ် အရ ဂျပန်နိုင်ငံမှပေါက်ခေါင်းမြို့နယ်သို့ ထပ်မံလှူဒါန်းသည့် (၂၆.၀၉၇၉၃)အိတ်အား မြို့နယ်ရိက္ခာဆန် ဖြန့်ဝေရေးအဖွဲ့မှ လူစုလူဝေးမဖြစ်ပေါ်စေရေး ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရောဂါကူးစက်ခံရသူများထံ လက်ဝယ်အရောက်ဆန်များဆက်လက် ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် မိသားစုများမှ ၎င်းတို့ထောက်ပံ့ရရှိမှုများထဲမှ ဆန်(၇)အိတ် နှင့်(၁၆)ပြည်ကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ပြန်လည် လှူဒါန်းသည့်အတွက် ပေါက်ခေါင်းမြို့နယ်ကုသရေးစင်တာများနှင့် CBFQ များသို့ ကူညီထောက်ပံ့ရေး အဖွဲ့၊ စာရင်းကိုင်ဦးဖြိုးမြင့်သူထံသို့ လက်ရှိကိုဗစ်-၁၉ရောဂါကူးစက်ခံနေရသူများအတွက် နံနက်စာ၊ နေ့လည် စာ၊ ညစာအဖြစ် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်မှ ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဥမ္မာကျော်