ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၄၃၃ ဦးရှိပြီဖြစ်

ဟိုပုံး စက်တင်ဘာ ၁၂

 

ရှမ်းပြည်နယ်  (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေး၀န်ထမ်းများ၊ သက်ဆိုင်ရာ ဆေးထိုးစုရပ်များ ရှိတိုက်နယ် ဆေးရုံများမှ ဆရာ၀န်များနှင့် ကျန်းမာရေး ၀န်ထမ်း များက အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွား(၁၂၃၇)ဦး၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၄၃)ဦး၊ Volunteer/ ပရဟိတ (၂၃၇)ဦး၊ ဘုန်းကြီး/ သီလရှင် /ဘာသာရေး ကျောင်းမှ(၂၁၈)ဦး၊ နိုင်ငံဝန်ထမ်း(၃၉၂)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၁၂၀)၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၈)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၁၀၁)ဦး၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်း(၇)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၁၀၀)ဦး၊ စူပါမတ်ကတ်/ စျေးသည်(၉၇၀)တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန် ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

ဟိုပုံးမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ် ၄ ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၃၇၀၂ ဦးတို့အား သြဂုတ်၂၇ ရက်မှ စက်တင်ဘာ ၁၂ရက်နေ့အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၊ ဟိုပုံးပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၊ မိုင်းပျဉ်းတိုက်နယ်ဆေးရုံ၊ ကျောက်တန်းတိုက်နယ်ဆေးရုံ၊ နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌနာခွဲနှင့် စံဖူးကျေးလက်ကျန်းမာရေးဌာနခွဲစသည့်စုရပ်များတွင်ဒုတိယအကြိမ်ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၃၄၃၃) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌနာမှ သိရသည်။

 

ဟိုပုံးခရိုင်(ပြန်/ဆက်)