Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပြီး တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်…
Sep 26,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုး တောင် ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော၌ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Sep 26,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီက အောင်သုခရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်မှု…
Sep 26,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင် စပီကာအသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၁၀ နာရီအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရ…
Sep 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်လှကုန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများနှင့် တွေ့…
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်က ထီးချိုင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရွှေပြည်သာခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစားပြည်သူများအား ဆန်နှင့် ဆီများ ဒုတိယအကြိမ် ထပ်မံ လှူဒါန်း
Sep 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် “မြန်မာချီကျိ ဖောင်ဒေးရှင်းပရဟိတအသင်း” မှ မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ဒုတိယအကြိမ်အဖြစ် လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ် )ထိုးနှံသူတို့၏ ရင်တွင်းစကားသံများ
Sep 26,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်၀န်းလုံးရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများပါမကျန် စုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အမျိုးသားရေး တာ၀န်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ သုံးခွမြို့နယ်တွင် ကိုဗစ်-ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြပေးအပ် ပါသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် အထက(ခွဲ)ကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး
Sep 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ သူများအနေဖြင့် အသိပညာ/ ဗဟုသုတများ ရှာမှီးနိုင်ရန်အတွက် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25423
Page
25424
Page
25425
Page
25426
Current page
25427
Page
25428
Page
25429
Page
25430
Page
25431
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department