အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များ အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထပ်မံပေးအပ်လျက်ရှိပြီး ထောက်ပံငွေ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပပြု လုပ်သွား မည်ဖြစ်ပါသဖြင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ် ငန်းစဉ် များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီ ဖြေရှင်း ဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်၁၀နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ စည်သူခမ်းမ၌ ဖွဲ့စည်းခဲ့သည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေ စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရွာမအနောက်ရပ်ကွက် နယ်မြေ(၅)ရှိ ကွန်ကရစ်တံတား အမှတ်(၁)နှင့်(၂)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၇) နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။
Aug 17,2020
ပြည်ခရိုင် ရွှေတောင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။